လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၀.၂၀၂၁) ရက်နေ့တွင် သိန္နီမြို့နယ်၊ နားငင်းကျေးရွာအုပ်စု၊ ဟိုလောင်းကျေးရွာနမှ အိမ်ထောင်စု(၁၈)စု၊ ကျား(၆၈)ဦး၊ မ(၅၅)ဦး၊ စုစုပေါင်း(၁၂၃)ဦးတို့သည် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာသို့ တိမ်းရှောင်လာရာ အဆိုပါတိုက်ပွဲရှောင်ပြည်သူ(၁၂၃)ဦးအတွက် ထောက်ပံ့ငွေ (၂၅၈၃၀၀/-)ကျပ်တိတိအား (၂၅.၁၀.၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM