ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာ အုပ်စု၊ ဓနိချောင်းကျေးရွာနှင့် လှိုင်းဘုန်းကျေးရွာအုပ်စု၊   စလူးချောင်းကျေးရွာတို့၌ (၂၀-၅-၂၀၂၂)ရက်နေ့ တွင်  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခိုက်မှုကြောင့် ​ ပြိုကျပျက်စီးခဲ့သော နေအိမ်(၂)လုံးအတွက် အိမ် ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ(၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ (၁၉)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀ဝိ/-)၊  ဆန်ရိက္ခာ (၇)ရက်စာဘိုး (၁၆,၈၀ဝိ/-)၊  စုစုပေါင်း(၂၁၆,၈၀ဝိ/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၃-၅-၂၀၂၂)ရက်နေ့၊ (၁၀:၃ဝ)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊  ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR