ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မီသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင်ပူးပေါင်း၍  (၈-၅-၂၀၂၃)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စမ်းလှမ်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR