ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၂၄-၁-၂၀၂၁) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ (ထိန်ကန်၊ ကြို့ပင်၊ တွင်းလပ်၊ ကုန်းကြီး) ကျေးရွာတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ခြင်းကို လည်းကောင်း၊

(၂၅-၁-၂၀၂၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ (ကံဖြူ၊ သလုံးသွေး၊ သရက်ကုန်း၊ ပြရွာ)ကျေးရွာတို့တွင် COVID 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း များကို လည်းကောင်း၊

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ဖာလုံကျေးရွာ၊ ထီးသဲလေကျေးရွာ၊ ဘလော်တယ်ကျေးရွာနှင့် နို့ဖောထီးကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းအား လည်းကောင်း၊

(၂၅-၁-၂၀၂၁) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ (ဇဝဲရွာမ၊ ဒူးကျိုး၊ လေးမိုင်၊ ဆင်ဒင်၊ ပြင်ဝန်း၊ ဆန်းသစ်၊ ရေခမ်းချောင်း) ကျေးရွာများတွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များ၊ mask များဝေငှခြင်း၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေး အသိပညာပေး ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းတို့ကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေး မှူးနှင့်အတူ လည်းကောင်း၊

 (၂၅-၁-၂၀၂၁)ရက်နေ့(၁၁:၀၀)နာရီမှ(၁၄:၀၀)အချိန်ထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွါးမှုများ မဖြစ်ပွားစေရန်အတွက် ပြည်သူများအား အသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအား လည်းကောင်း၊

(၂၅-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရ မည့် အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ (ရွာတော်(တောင်+မြောက်)၊ ရွာသစ်၊ ကြံဖိုစု၊ ချောင်းစောက်၊ စက်ကုန်း) ကျေးရွာများ အတွင်းရှိပြည်သူများအား အသိပညာပေး‌ခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ခြင်းအား လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပါသည်။

 Source:EOC

နောက်ဆုံးရသတင်းများ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရန်နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရန်အတွက် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

MOD

DSW

DDM

DOR