ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည်  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေလဲနှဲကောကျေးရွာအုပ်စု၊ အိုင်ကနူးနှင့်နှဲကောကျေးရွာ၊ မင်းဂရုကျေးရွာအုပ်စု၊ ဂျို့အိုင်နှင့် ဇီးပင်ကျေးရွာ၊ ကျုံတိုင်းကြီးကျေးရွာအုပ်စု၊ အလွတ်ဝကျေးရွာ၊ ကျုံလမ်းကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတို့၌ (၁၇-၂-၂၀၂၃)ရက် နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၂၀၀,၀၀ဝိ/-)၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၂၂)စုမှလူဦးရေ(၁၀၂)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးရန်ပုံငွေ(၂၁၄,၂၀ဝိ/-)၊စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၁,၇၁၄,၂၀ဝိ/-)နှင့် တန်ဖိုး (၅၈၅,၄၃၂/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၂)ပုံး၊ ကလေးကျောင်းဝတ်စုံ (ကျား၊ မ) ၁၀ထည်စီတို့အား (၂၀-၂-၂၀၂၃)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး/ ရပ်ကျေးစာရေးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။း


Source: DDM

 

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR