လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများးသည် (၂၀-၉-၂၀၂၁)ရက်နေ့တွင် (၀၉:၃၀)
အချိန်မှ(၁၂:၀၀)အချိန်အထိ ထန်းတပင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက် အောင်သုခရပ်ကွက်နှင့်
အောင်မင်္ဂလာရပ်ကွက်အတွင်း Covid-19 လတ်တလော
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ
လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Mask များကို
ပြည်သူလူထုများထံသို့ ဝေငှခဲ့ပါသည်။