ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
၂၃ ဇွန် ၂၀၂၂
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊
ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊
သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီးကျေးရွာ၌ (၁၈-၆-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း/ပြောင်းရွေ့ခဲ့ရသည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ
(၁၀၀,၀၀ဝ/-)၊ စုစုပေါင်း လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀၀/-)၊
စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀ဝ/-) ကျပ်တို့အား (၂၂-၆-၂၀၂၂)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင်တာဝန်ရှိသူများ၏
ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။
Source: DDM