ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပေါင်မြို့နယ်၊ ​​လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစု​​ကျေးရွာ၌ (၂၅-၅-၂၀၂၂)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်ခန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ​ ကြိုတင် ဖျက်သိမ်း​ပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၃)ဦးတို့အတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်တို့အားလည်းကောင်း၊ ပေါင်မြို့နယ်၊ ​မြလေးချောင်ကျေးရွာအုပ်စု၌ (၂၈-၅-၂၀၂၂) ရက်နေ့ (၁၆း၃၀)နာရီအချိန်ခန့်၌ ထယ်ထိုးနေစဥ် မိုးကြိုးပစ်ချပြီး သေဆုံးခဲ့မှုကြောင့် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်တို့အားလည်းကောင်း (၃၁-၅-၂၀၂၂) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်ခန့်တွင်​ ပေါင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR