လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ဒုံမြို့နှင့် ဘုရားသုံးဆူမြို့များရှိ ရေဘေးသင့်အိမ်ထောင်စု(၇၁၁)စုမှ လူဦးရေ (၃၀၅၆) ဦးအတွတ် ဆန်ရိက္ခာ(၇) ရက်စာဖိုးငွေ (၆၄၁၇၆၀၀) အား (၄.၈.၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။