ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန်ရပ်ကွက်နှင့် စက်သစ်ရပ်ကွက်တို့ တွင် (၂၈-၇-၂၀၂၃) ရက်နေ့၊ (၁၆:၁၅) နာရီအချိန်ခန့်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုကျ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့်ဘုန်းကြီးကျောင်း (၁)ကျောင်း အပါအဝင် နေအိမ်(၁၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ (၇၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၃၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၂၈၃၀၀/-)ကျပ်တိတိအား (၂-၈-၂၀၂၃) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် ကြံ့ခိုင်ရေးရပ်ကွက်၊ကြာကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရမ္မာဝတီဘုန်းတော်ကြီးကျောင်းတို့၌ ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR