ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် အတွင်း (၂၄-၅-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တလုပ်လပ်အနောက်​ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာနှင့် အောင်ဟိတ်ကျေးရွာအုပ်စု၊ စံလင်းဒေါင့်ကျေးရွာ တို့မှ ပြိုကျနေအိမ် (၂) လုံး၊ အမိုးလန်နေအိမ် (၇)လုံး၊ အိမ်ထောင်စု (၉)စု၊ လူဦးရေ (၄၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂)ပုံး၊ ဆန်ရိက္ခာဖိုးငွေ (၉၂,၄၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၁၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၂ ၄၀၀/-) ကျပ်တို့အား (၃၁-၅-၂၀၂၂) ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့် ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:       DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR