လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၁) ရက်နေ့တွင် (၁၀:၃၀)နာရီ အချိန်မှ(၁၂:၀၀)နာရီအချိန်အထိ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်နှင့်
ကံ့ကော်ရပ်ကွက်တို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက်နှံ့မှုများ
မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand
Speaker တို့ဖြင့် လှည့်လည်အသိပေးဟောပြောခြင်းအား
ဆောင်ရွက်ခဲ့ပါသည်။