လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင်
ပြည်ဝင်ခွင့် ခွင့်ပြုကာလထက်ကျော်လွန်နေထိုင်ခြင်းကြောင့် ထိန်းသိမ်း ခံထားရပြီး (၃၁-၃-၂၀၂၂)
ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံမှ မင်္ဂလာဒုံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ BM 502 လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (၁) ဦးအားသွားရောက်တွေ့ဆုံ၍
ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ကျားလုံချည် (၁)ထည်၊ တီရှုပ် (၁)ထည်၊ မျက်နှာသုပ်ပဝါ(၁)ထည်၊
ဆပ်ပြာ(၁)တောင့်နှင့် မိမိနေရပ်သို့ ပြန်လည်ရောက်ရှိရန်အတွတ် ခရီးစရိတ်၊ စားစရိတ် စုစုပေါင်း
(၁၅,၀၀၀/-) ကျပ်တို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။