ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦိးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့ (၁၉း၄၀)နာရီအချိန်၌ ရေကြည်မြို့နယ်၊  ကွင်းချောင်းကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၅၀၀၀/-)၊ အိမ်ထောင်စု(၃) စုမှစုစုပေါင်း လူဦးရေ(၁၂)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာရန်ပုံငွေ( ၂၅၂၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၀၂၀၀/-) အား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM



နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR