ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆-၆-၂၀၂၄)ရက်နေ့၊ (၁၃:၀၀)အချိန်မှ (၁၅:၀၀) အချိန်ထိ ဘားအံမြို့၊ တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ် ဆောင် ရွက်ခဲ့ပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောမှုများအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ များဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ကျောင်းသား/သူ (၁၂၀)ဦးတို့အား ဟောပြော ဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေးလက်ကမ်းစာစောင် (၈၁၃)စောင် အား ကျောင်းသား/သူများ ထံ ဝေငှခြင်းအားလည်းကောင်း၊ ဘုန်းကြီး​ကျောင်းဝန်းကျင်အတွင်း ကပ်နှံနိုင်ရေးအတွက်  မိုးကြိုး ဘေးအသိပညာပေး(၄x၅)ပေ ဗီနိုင်းပိုစတာအားလည်းကောင်း ဖြန့်ဝေပေးခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR