ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

Source: DDM

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးတွင် (၁၉-၁-၂၀၂၂) ရက်နေ့၊ (၂၃:၁၉) နာရီအချိန်တွင်  ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊  လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာတို့အား (၂၁-၁-၂၀၂၂) ရက်နေ့ (၁၄း၁၅) နာရီအချိန်တွင် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
အင်္ဂပူမြို့နယ်၊ ခြောက်ကျေးရွာအုပ်စု၊ မှတ်တိုင်ကျေးအုပ်စု၊ ကံဘက်ကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် အိုးကွဲကျေးရွာအုပ်စု တို့တွင်ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း

MOS

DSW

DDM

DOR