ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၄) ရက်‌နေ့မှ (၁၁-၉-၂၀၂၄) ရက်နေ့အထိ ကျိုက်ထိုမြို့နယ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ် ချောင်းရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသော ကျိုက်ထိုမြို့နယ်၊ ကော့စနိုင်ရပ်ကွက်၊ တောရဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံများသို့ ယာယီပြောင်းရွှေ့ရောက်ရှိလာသော စုစုပေါင်းအိမ်ထောင်စု (၁၄၄) စု၊ လူဦးရေ (၅၃၉) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၁၃၁,၉၀၀ိ/-) အား (၁၂-၉-၂၀၂၄) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR