ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများ၊ မစဖအဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊  ပိုက်သောင်ရပ်၊ ငဝန်မြစ်ကမ်းပါးတွင် မုန်တိုင်းဘေးအန္တရာယ်ကြောင့် (၇--၂၀၂၃)ရက်နေ့၊ (၈--၂၀၂၃)ရက်နေ့နှင့် (၉--၂၀၂၃)ရက်နေ့တို့တွင် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့်  စုစုပေါင်းနေအိမ် (၃၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃,၂၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၃၂)စု မှ စုစုပေါင်းလူဦး‌ရေ (၁၅၂) ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၃၁၉,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံ ငွေ (၃,၅၁၉,၂၀၀/-)ကျပ်အား (၇-၅-၂၀၂၃)၊ (-၅-၂၀၂၃)နှင့် (--၂၀၂၃)ရက်နေ့တို့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR