ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၂၂-၆-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) နာရီအချိန်ထိ လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဟောပြောခြင်း၊ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာများ အသိပညာပေး ဟောပြော ခြင်းနှင့် မူးယစ်ဆေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့၏ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာ ပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသုံးစာရေးကိရိယာများ၊  လက်ဆေးဆပ်ပြာဆီများနှင့် အဝတ် Mask ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Source:         DDM

 

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR