လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
၁၉ ဇွန် ၂၀၂၁
မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စုတွင် (၁၇-၆-၂၀၂၁)ရက်နေ့
(၀၁:၀၀)နာရီ အချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်
နှင့်ဘေးသင့်လူဦးရေ (၆)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊
စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ(၄၆၀၃၆/-)တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက (၁၈-၆-၂၀၂၁)ရက်နေ့ (၁၅:၃၀)
နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံခဲ့ပါသည်။
Source:DDM