ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ သီရိမင်္ဂလာစျေး၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ မြို့ဦးဓမ္မာရုံ ၊ အောင်ဇေယျ၊ ရေအိုးစင်၊ မြွေရိုးလေး၊ ပတ္တာ၊ ရှမ်းချောင်း၊ ငှက်ပျောတော၊ သပြေပင်၊ နောင်ဘို၊ ကြောင်ရေ၊ကံသာ၊ သော်မှော်ကုန်း၊ ကျွန်းကုန်း ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်တို့ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR