လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်
(၂၆-၉-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊
မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် ဒေါ်ကျော့ကျော့ခိုင်
(၂၃)နှစ်၊ (အဘ)ဦးမောင်ညိိုသည် မိုးကြိုးထိမှန်သေဆုံးခဲ့ရာ ၎င်းသေဆုံးသူအတွက် ထောက်ပံ့
ငွေကျပ်(၃၀၀,၀၀ဝိ/-)အား (၃၀-၉-၂၀၂၁)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မန်သဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှတဆင့်
ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ပေးခဲ့ပါသည်။