ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် Covid-19 စီးပွားရေးကုစားမှုစီမံချက်(CERP)ဖြင့်
ဝယ်ယူထားသည့် ဖိုင်ဘာရေတိုင်ကီ (၅)လုံး(ရေတိုင်ကီတစ်လုံးလျှင် ရေဂါလံ(၂၄၀၀)ဆံ့)အား
(၇-၉-၂၀၂၂)ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊
အ.မ.က(သဲကုန်)နှင့် ဆိပ်သာကျေးရွာအုပ်စု၊ အ.မ.က(ဆိပ်သာ)တို့၌လည်းကောင်း၊ (၈-၉-၂၀၂၂)ရက်နေ့တွင်
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းကျေးရွာအုပ်စု၊ YGW မိဘမဲ့ပရဟိတကျောင်း၊
ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ ရေသိုးကျေးရွာနှင့် ဖုန်းဆိုးကြီးကျေးရွာတို့၌လည်းကောင်း
ကုမ္ပဏီမှ တာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်း၍ အသီးသီးတပ်ဆင်ဆောင်ရွက်ပေးခဲ့ပါသည်။