လေပြင်းဘေးထောက်ပံ့မှုသတင်း
၂၄ မေ ၂၀၂၂
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလောမြို့နယ်၊ ပြင်ဘုကြီးကျေးရွာအုပ်စု၊ ပြင်ဘုကြီးကျေးရွာ၌ (၂၃-၅-၂၀၂၂)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး
လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀၀/-)ကျပ်၊
လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၅၀၀/-)ကျပ်တို့အား (၂၄-၅-၂၀၂၂)ရက်နေ့(၁၂း၃ဝ)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။
Source: DDM