လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
၁၄ ဇွန် ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းကျေးရွာ အုပ်စု၊ စိန်ကြီးရိုးရွာနှင့် စစ်ကုန်း(၂) ကျေးရွာအုပ်စု၊ စစ်ကုန်း(၂)အထက်စုရွာတို့တွင် (၁၀-၆-၂၀၂၂) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးအိမ် (၁) လုံးနှင့် အမိုးလန်လူနေအိမ် (၂) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၁၄)ဦးအတွက် ဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၄၉,၄၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုးပါ (၁)ပုံးနှင့် စက္ကူကတ်ထူပုံး (၁)ပုံးတို့အား (၁၃-၆-၂၀၂၂)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: DDM