သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
၁၁ ဇူလိုင် ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၁၁-၇-၂၀၂၂) ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ
(၀၉:၃၀) နာရီအချိန်ထိ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းတန်းကျေးရွာ
အုပ်စု၊ ဇွဲဘာကုန်းတန်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာသူ/ရွာသား
ဦးရေ (၁၀၀)ကျော် တို့အား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
အကြောင်း သိကောင်းစရာများနှင့် ပက်သက်၍ဆွေးနွေး
ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့်
ပိုစတာများ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း
သတင်းရရှိပါ သည်။
Source: DDM