ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇--၂၀၂၁)ရက်နေ့မှစ၍ ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ဖြစ်သော  ရပ်ကွက်/ကျေးရွာအုပ်စုတို့ရှိ ကယ်ဆယ်ရေးစခန်း(၁၂)ခုအနက်မှ ရွှေလှေကျေးရွာအုပ်စုမြောက်ကျောင်းဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ ထပ်တိုးအိမ်ထောင်စု (၃)စု၊ လူဦးရေ (၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွ(၁၂,၆၀၀/-) ကျပ်အား (၃၀-၇-၂၀၂၁)ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Source: DDM



နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR