အသိပညာပေးဆောင်ရွက်မှုသတင်း
၁၅ အောက်တိုဘာ ၂၀၂၁
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၀-၂၀၂၁) ရက်နေ့တွင်(၀၉:၀၀)နာရီအချိန်မှ
(၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီအဖွဲ့ များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသို့ ကိုဗစ်-၁၉
ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းများအား သိရှိလိုက်နာဆောင်ရွက် နိုင်ရန် အသိပေးခြင်း၊ နှာခေါင်းစည်း Masks များအခမဲ့ဖြန့်ဝေခြင်း
(Mask Camping)၊နှင့် သဘာဝဘေး အန္တရာယ် အသိပညာ ပေးစာစောင်များ (မီးဘေး၊ မိုးခေါင်ရေရှားဘေး)ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
Source: DDM