လေဘေးသင့်နေအိမ်နှင့် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
၁၁ ဩဂုတ် ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊
ငပုတောမြို့နယ်၊ ချောင်း၀ကျေးရွာအုပ်စု၊ ချောင်း၀ကျေးရွာ၊ သရက်တောပိုင်းရပ်ကွက်၌
(၈-၈-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အုန်းပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော
နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-)၊ ဘေးသင့်လူဦးရေ
(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၁၂,၆၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ
(၆၂,၆၀ဝ/-) ကျပ်နှင့် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဖောင်ဒိုးကျေးရွာအုပ်စု၊
ရေသိုးကျေးရွာ၌ (၉-၈-၂၀၂၂) ရက်နေ့၌ တောဆင်ရိုင်းဘေးကြောင့် ပျက်စီးခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်
(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀,၀၀၀/-)၊ ဘေးသင့်လူဦးရေ
(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၂၃,၁၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ
(၉၃,၁၀ဝ/-) ကျပ်တို့အား (၁၀-၈-၂၀၂၂)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာ
တာ၀န်ရှိသူများရှေ့မှောက်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM