လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၇.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်မှ (၁၀:၀၀)အချိန်ထိ ကော့ကရိတ်မြို့၌ ကော့ကရိတ်ခရိုင်/မြို့နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု ဖြင့် ဒေါနခန်းမတွင် ဌာနဆိုင်ရာ ကျား(၁၅)ဦး၊ မ(၁၉)ဦး၊ ပြည်သူကျား(၆၀)ဦး၊ မ(၇၆)ဦး၊ စုစုပေါင်း (၁၇၀)ဦးတို့ အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး၊ လက်ကမ်း စာစောင် (၃၀၀) စောင်အား ဖြန့်ဝေပေးခဲ့ပါသည်။
Source:DDM



