ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၁၇-၈-၂၀၂၂)ရက်နေ့တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ        ပေါက်ကုန်းရပ်ကွက် ဟာဂျီမောင်ကျော်ယာယီကယ်ဆယ်ရေးစခန်းမှ အိမ်‌ထောင်စု(၃၀)စု၊ လူဦးရေ(၉၀)ဦးအားလည်းကောင်း၊ ရွှေမင်္ဂလာဓမ္မရုံယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၇၅)ဦးအားလည်းကောင်း၊ တောတိုက်ရပ်ကွက်၊ တောတိုက်ဓမ္မရုံယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၃၀)၊ လူဦးရေ(၁၀၀)ဦးအားလည်းကောင်း၊ သင်္ကန်းကျွန်ကြီးကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ ဇရသ်ဆိုက်ယက်ဒ်ကာဒရီဂျာကာလီကျောင်းတော်ယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၁၀၀)စု၊ လူဦးရေ(၆၁၀)ဦးအားလည်းကောင်း၊ စုစု‌ပေါင်းအိမ်‌ထောင်စု(၁၈၅)စု၊ လူဦးရေ(၈၇၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်းထောက်ပံ့‌ငွေ(၁၈၃၇၅၀ဝိ/-)အား (၁၈-၈-၂၀၂၂)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR