လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၆)၊ စက်ချူပ်နည်းပြသင်တန်းအမှတ်စဉ်(၄၀)နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၁၀)မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၇၅)ဦးတို့အား “မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းနှင့် အသိပညာပေးခြင်း ဘာသာရပ်" ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source:DDM