ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာတို့နှင့် ပူးပေါင်းပြီး ဦးစီးဌာန(၁)ခုချင်းစီနှင့် ပတ်သက်၍အသိပညာ ပေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းတို့ကို (၁၃-၉-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီမှာ(၁၂:၀၀)နာရီအချိန်အထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က(ကညှော်) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၉၅)ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR