ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၃) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ်(၁)လုံးမှ လူဦးရေ (၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ  (၁)ပုံး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၂၀၀၀၀၀/-) နှင့်  ဆန်ရိက္ခာရန်ပုံငွေ  (၄၂၀၀/-)အာဟာရ ဖြည့်စွက်စာ လူ(၁)ဦးလျှင်  ကြက်ဥ (၃)လုံးနှုန်းဖြင့်  လူ(၂)ဦးအတွက်  (၆)လုံး ကျသင့်ငွေ (၁၈၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၆၀၀၀/-)ကျပ်တို့အား  (၂၉-၄-၂၀၂၃)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင်  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင်  ဘေးသင့်ခဲ့သည့်ပြည်သူများအားသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR