ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ မရမ်းစု၊ ကြည်စေတနာလမ်းတွင်(၂၈-၃-၂၀၂၂)ရက်နေ့( ၀၉း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်လုံးဝပျက်စီးအိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၃၀)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၆၃,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၆)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ဖို့ အိမ်ထောင်စု (၆) စုအတွက် ဆပ်ပြာ (၆)တောင့်၊ လူဦးရေ (၃၀)ဦးအတွက် mask (၆၀) ခုတို့အား မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၈-၃-၂၀၂၂)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး ယခုအခါထပ်မံ၍ ထောက်ပံ့ရန်ကျန်ရှိသော အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် (၁,၂၀၀,၀၀၀/-)ကျပ်အား မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ (၇-၄-၂၀၂၂)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR