လေဘေးထောက်ပံ့မှုသတင်း
၀၁ ဧပြီ ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းကြီးသဘော့ကျေးရွာအုပ်စု၊
ကွင်းကြီးကျေးရွာ၌ (၂၂-၃-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျ/ပျက်စီး နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ
(၇၅,၀၀ဝ/-)၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၈,၄၀၀/-)၊ အထောက်အကူပြု (Mask) (၈) ခု၊ စုစုပေါင်းထောက်ပံ့ငွေ
(၈၃,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၁) အိမ်ထောင်စာတို့အား (၃၁-၃-၂၀၂၂) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM