ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၄) ရက်နေ့ (၀၇း၀၀) နာရီ မှ(၁၀း၀၀) နာရီအချိန်ထိ မင်းလှမြို့နယ်၊ ဘွတ်စိန်ပုကျေးရွာအုပ်စု/ ရွာ၊ သရက်တပင်ကျေးရွာအုပ်စု၊ ဆင်ပချပ်ကျေးရွာ၊ ညောင်သုံးပင်ကျေးရွာအုပ်စု/ ရွာ၊ ပြည်တော်သာရပ်ကွက်နှင့် ဇီးကုန်းလေးရပ်ကွက်တို့တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ ဖြစ်ပွားသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီးမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR