ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်လည်ထူထောင်ရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁၁-၆-၂၀၂၄) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ လှိုင်းဘွဲ့မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် သိပညာပေးဟောပြောဆွေးနွေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ များဆိုင်ရာကိစ္စရပ်များအား ဟောပြောဆွေးနွေးခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကိစ္စရပ်များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား  ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းဝန်းအတွင်း၌ မိုးကြိုးဘေး (၄x၅) ပေရှိ ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ကျင်းပမှုသတင်း

MOS

DSW

DDM

DOR