မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
၀၁ စက်တင်ဘာ ၂၀၂၁
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃၀.၈.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော
မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ ရွာသစ်ပိုင်းတွင် မီးလောင်မှုကြောင့်
ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁)လုံးမှအိမ်ထောင်စု(၁)စုအတွက်
ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၄၆,၀၃၆/-)၊
အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝိ/-)နှင့် မီးဘေးသင့်လူဦးရေ(၄)ဦး အတွက်(၇)ရက်စာဆန်ဖိုးငွေ(၈,၄၀ဝိ/-)တို့အား
(၃၁.၈.၂၀၂၁)ရက်နေ့ ၊ (၁၄:၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက်
ထောက်ပံ့ခဲ့ပါသည်။
Source: DDM