လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၇-၂၀၂၁) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်းကျေးရွာအုပ်စု၊
ယန်းကျိန်းကျေးရွာ၊ တင်ထပ်ကျေးရွာ၊ ဝမ်ပေါက်ကျေးရွာ၊ ဝမ်ဆာကျေးရွာ၊
နောင်ပန်းကျေးရွာနှင့် ဝမ်ပမ်ကျေးရွာတို့တွင် Covid-19
ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှု
ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့်
နှိုးဆော်ခြင်း၊ Covid-19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask
များဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
Source: DDM