ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်၌ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာနှင့် မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၁၈) ဦးတို့အတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀ဝိ/-)၊ (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇,၈၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၃၇,၈၀ဝိ/-)နှင့် (၈၄၈,၃၄၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၇)ပုံးတို့အား (၃၀-၇-၂၀၂၄) ရက်နေ့၊ (၁၄း၀၀)နာရီအချိန်၌ တက်ဆွဲဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR