ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ဖောင်တော်ဦး ကွက်သစ်(၅)လမ်းတွင် (၂၈-၇ ၂၀၂၁) ရက် နေ့၌ ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ထပ်မံပြောင်းရွှေ့သည့် ဘေးသင့်အိမ်ထောင်စု(၉၀)စုရှိ လူဦးရေ (၄၃၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၉၂၁,၉၀ဝ/-)ကျပ်နှင့် လူ(၁)ဦးလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask (၂) ခုနှုန်းဖြင့် Mask (၈၇၈)ခု၊ တန်ဖိုးငွေ (၅၂,၆၈ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၇၄,၅၈ဝ/-) ကျပ်တို့အား ဘေးသင့်ပြည်သူများလက်ဝယ်အရောက် (၃၀-၇-၂၀၂၁) ရက်နေ့၊ (၁၄:၄၅) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM



နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR