ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၉-၂၀၂၁) ရက်နေ့၊ (၁၂:၀၀) နာရီချိန်မှ (၁၆:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ‌မူးကဝါကျေးရွာ၊ ကော့သံခါကျေးရွာ၊ ရွှေတော ကျေးရွာ၊ ခြံကလေးကျေးရွာ၊ ကော့ပလန်ကျေးရွာ၊ ကော့မူးတာအရှေ့ကျေးရွာ၊ ကော့မူးတာ အနောက်ကျေးရွာ၊ ကော့ဒိုက်ကျေးရွာ၊ ကော့ဒါန်းကျေးရွာ၊ ဖြတ်လှိုင်းကျေးရွာ၊ ကော့သလို့ ကျေးရွာ၊ဒုံသို့ကျေးရွာနှင့်ပိုင်ရန်းကျေးရွာများသို့သွားရောက်၍  လော်စပီကာဖြင့် ပြည်သူများအား      COVID-19 အသိပညာပေးဆောင်ရွက်ခဲ့ပြီး Surgical Masks များဖြန့်ဝေခြင်းနှင့် ဗီနိုင်းများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ ကန့်လန့်စုကျေးရွာနှင့် ကျွဲပျိုကျေးရွာများ၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR