သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
၂၂ နိုဝင်ဘာ ၂၀၂၂
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၂-၁၁-၂၀၂၂) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂း၀၀)
နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့၊ အ.မ.က(၁၄) လမ်းကျောင်းမှ ဆရာ/ဆရာမများနှင့်
ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့်တို့ အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းများ
ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM