ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ လှေလုံးတောင်ကျေးရွာ၌ (၃၁-၅-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော တောဆင်ရိုင်းဘေးကြောင့် ပြိုကျပျက်စီး (ဝါး/ဓနိ) အိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၀၀,၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီး (သွပ်မိုး/ပျဥ်ထောင်) အိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၄၀,၀၀ဝ/-)၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၃၄၀,၀၀ဝ/-)နှင့် ဘေးသင့်လူဦးရေ (၆ဝ)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံငွေ (၁,၄၆၆,၀၀ဝ/-)ကျပ်တို့အား (၃-၆-၂၀၂၂)ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source:       DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR