ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခ ကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဆွတ်ရွဲကျေးရွာတို့၌ (၂၁-၇-၂၀၂၂) ရက်နေ့နှင့် (၂၂-၇-၂၀၂၂) ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀/-) ကျပ်တို့အားလည်းကောင်း၊ နမ့်နီ/နမ့်လုံကျေးရွာအုပ်စု၊ ကဲ​ရွှေ(မိုင်းယွန်း)ကျေးရွာ၌ ငလျင် ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးအဆောက်အဦ(ခရစ်ယာန်ကျောင်း) (၁) လုံး (တစ်စိတ် တစ်ပိုင်း) အတွက် ထောက်ပံငွေ (၅၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံငွေ  (၂၂၁,၀၀၀/- )ကျပ်တို့အား လည်းကောင်း (၂၅-၇-၂၀၂၂)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်ခန့်တွင် သက်ဆိုင်ရာရပ်ကွက်​ကျေးရွာအုပ်ချုပ်​​​ရေးမှူး၊ စာရေးတို့မှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR