Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း
၀၄ ဖေဖော်ဝါရီ ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးမှ
တာဝန် ရှိသူများသည် (၄.၂.၂၀၂၂) ရက်နေ့၊
နံနက်(၀၈:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ မြို့မစည်ပင်သာယာဈေး၌
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊
မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ Covid-19 ဗီဇပြောင်းမျိုးကွဲ Omicron ကူးစက်ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
Source: DDM