လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု (အ.မ.က) သဲကုန်း ကျောင်းနှင့် ဆိပ်သာကျေးရွာအုပ်စု (အ.မ.က) ဆိပ်သာကျောင်းတို့၌ ထားရှိမည့် (၂၄၀၀) ဂါလန်ဆံ့ ဖိုက်ဘာရေတိုင်ကီများ၏ အောက်ခံ(ခုံတုံး)ပြုလုပ်မည့် ကုန်ကျစရိတ် (၁,၅၂၀,၀၀ဝ/-)ကျပ်တိတိအား (၂၆-၇-၂၀၂၂)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သက်ဆိုင်ရာ ကျေးရွာလုပ်ငန်းကော်မတီ တာ၀န်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ စာသင်ကျောင်း(၂)ကျောင်းအတွက် လက်သန့်ဆေးရည်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM