ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း  (၃-၄-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ စော်ကဲကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ ရေလယ်ကျွန်းကျေးရွာအုပ်စု(ရေလယ်ကျွန်းကျေးရွာ)နှင့် စံအိပ်ကျေးရွာအုပ်စု(တလိုင်းစုကျေးရွာ၊ အထက်စုကျေးရွာ၊ အောက်စုကျေးရွာ၊ ကြူတောကျေးရွာ)တို့တွင် ပြိုကျပျက်စီးခဲ့သောနေအိမ်(၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁၂)စုစာ၊ လူဉီးရေ (၉၃) ဦးတို့အတွက် Surgical Mask (၁၈၆)ခု၊ ဆန်ရိက္ခာရန်ပုံငွေ (၁၉၅,၃၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁၂)လုံး၊  တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၇၄၀,၀၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁,၉၃၅,၃၀၀) ကျပ်အား (၄-၄-၂၀၂၂) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာအုပ်စုတွင်(၁၆:၀၀)အချိန်၌လည်းကောင်း၊ ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် စော်ကဲကျေးရွာအုပ်စုတွင် (၁၆:၄၅)အချိန်၌လည်းကောင်း၊ စံအိပ်ကျေးရွာအုပ်စုတွင် (၁၇:၃၀)အချိန်၌ ဘေးသင့်ပြည်သူများထံ ကွင်းဆင်းသွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR