ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၅-၆-၂၀၂၁) ရက်နေ့တွင် နမ်စန်မြို့၌ မိုးသည်းထန်စွာရွာသွန်း​ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ ပုတ်ပျံကျေးရွာ၌ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီးခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုအလိုက် သတ်မှတ်ထောက်ပံ့နှုန်းထားအတိုင်း အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်းငွေ (၁,၀၆၅,၆၀၀) ကျပ်နှင့်  (၈-၆-၂၀၂၁) ရက်နေ့တွင်နမ်စန်မြို့၊ မက်မွန်းမုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာ၌ မိုးကြိုးထိမှန်၍ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ် တို့အား (၁၀-၅-၂၀၂၁) ရက်နေ့၊ မွန်းလွဲပိုင်း(၁၄:ဝ၀)အချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက နမ်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများနှင့် သေဆုံးသူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR